Yawng Hpe

Buga De Du Shang Wa Ai Ni Yawng Hpe Hkap Tau La Ga Ai

Tuesday, September 22, 2009

အခွင့်အလမ်းကို … ဘယ်ကနေရ….

အခွင့် အလမ်းဆိုတာ
သင့်ရည်မှန်းချက်ကို
ပြောင်းလဲစေနိုင်တဲ့
အခွင့်အရေးဖြစ်တယ်
သင်က လုပ်ရမှာပါ။
အခွင့်အလမ်းကို မတွေ့နိုင်တဲ့ အကြောင်းတွေကတော့….

(၁) ပျင်းရိချင်း
(၂) အရဲစွန့်ရမှာ ကြောက်ခြင်း
(၃) အမြော်အမြင် နည်းပါးခြင်း
(၄) အပြောင်းအလဲကို မလိုလားခြင်း
(၅) ဖန်တီးနိုင်စွမ်းမရှိခြင်း
(၆) ချက်ချင်းလုပ်ကိုင်တတ်တဲ့ အလေ့အကျင့်မရှိခြင်း တို့ဖြစ်တယ်….
အခွင့်အလမ်းတွေနဲ့အတူ
ငွေကြေး၊ အသက်၊ ကျန်းမာရေး စတာတွေ
ဆုံးရှုံးနိုင်တဲ့ အရဲစွန့်မှုတွေ
အမြဲတမ်းယှဉ်တွဲနေတယ်…
ဒါပေမယ့်…
အရဲစွန့်ရမှာ ကြောက်နေရင်လည်း…..
အခွင့်အလမ်းကို ဘယ်ကနေရနိုင်တော့မှာလဲ။


ဖြေနိုင်ရင် ဘာတွေ လုပ်မလဲ….

တစ်ခုခု လုပ်တော့မယ်ဆိုရင် သင့်ကိုသင်မေးသင့်တာက …..
(က) ဘာကိုစွမ်းဆောင်ချင်တာလဲ
(ခ) သင့်ဆီမှာ ဘာအရင်းအမြစ်တွေ ရှိသလဲ
(ဂ) အရင်းအမြစ်တွေ ဘယ်လောက်လိုမလဲ
(ဃ) ရည်းမှန်းချက်ပန်းတိုင် ဘယ်လောက်ကွာလှမ်းသလဲ
(င) သင့်ခြေလှမ်းကို ဘယ်လောက်ပိုပြီးဆန့်နိုင်မလဲ
(စ) အဲ့သလောက် ပိုဆန့်နိုင်ခြင်းဟာ ပန်းတိုင်သို့ အကွာအဝေးကို
ကျုံ့သွားစေနိုင်မလား
(ဆ) ရည်ရွယ်ထားတဲ့ အကျိုးအမြတ်တွေက ဘာတွေလဲ
(ဇ) အရဲစွန့်လုပ်ရမယ့် ကာလအပိုင်းအခြားက ဘာတွေလဲ

မေးခွန်းအားလုံးဖြေကြည့်ပါ။
၂၀၀၉. ဇွန်လ. ကလျာမဂ္ဂဇင်း



Read more...

No comments:

Post a Comment